Khit Thit သတင်းဌာန၏ ဇူလိုင် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန် ရေး အဖွဲ့တွေအကြား သွေးခွဲလို့ မရကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက တရားဝင် ထုတ်ပြန် ပြောဆို လိုက် ပါတယ်။ - မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင် အပါအဝင် မိသားစုဝင် ၅ဦး ဟာ ဇူလိုင်လ ၄ ရက်နေ့က မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ထားပါတယ်။ - မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ခမရ-၂၀၇ တပ်ရင်းက ထောင်ထားတဲ့ မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။